မင်္ဂလာပါ
"SHiNE အိမ်တိုင်ရာရောက်ပြန်လည်သန်စွမ်းရေး ကုသမှု"
အဖွဲ့မှ နွေးထွေးစွာကြိုဆိုပါတယ်

ပုံမှန် လှုပ်ရှားသွားလာနေသူများအတွက် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အရမ်းကြီးမခက်ခဲဘူးလို့ ကျွန်တော်တို့ယူဆထားကြပါတယ်။
💪☺️✌️
(ဒါပေမယ့်)
😮
တစ်ကယ်ရော ကျွန်တော်တို့ လေ့ကျင့်ခန်း အစီအစဉ်တွေ (ပုံမှန်)လုပ်ဖြစ်ရဲ့လား?
(တစ်ခါတစ်လေ) လုပ်ဖြစ်လား?
(ဘယ်လောက်ကြာကြာ) လုပ်ဖြစ်ကြလဲ?
🏋️🚴🏊
တစ်ကယ်တော့ ပုံမှန်လှုပ်ရှားသွားလာနေသူတစ်ယောက်အနေနဲ့တောင် လေ့ကျင့်ခန်းကို အစီအစဉ်တကျ လုပ်ဖြစ်ဖို့မလွယ်ကူပါဘူး။
🙇
အားနဲနေသူတွေဆိုရင်ရော ဘယ်လောက် ပိုမလွယ်မလဲ?
🧐
လေ့ကျင့်ခန်းအစီအစဉ်တစ်ခု စတင်လိုက်တဲ့ လူတော်တော်များများသည် "သူတို့၏ စတင်လိုက်တဲ့စိတ်အားထက်သန်မှု ကျဆုံးသွားသည်နှင့်တစ်ပြိုင်နက် လေ့ကျင့်ခန်းအစီအစဉ်ကြီး တစ်ခုလုံးသည်လည်း ကျဆုံးသွားတတ်မြဲဖြစ်သည်။"
💓💓💓ပြန်လည်သန်စွမ်းရေး အစီအစဉ်ကောင်းတွေဆိုတာ လူနာ၏ ကိုယ်ခန္ဓာသန်မာရေးကိုသာမက လူနာ၏ စိတ်အားထက်သန်မှုကိုပါ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
💯ဒီလို ပြန်လည်သန်စွမ်းရေးအစီအစဉ်တွေကို ရယူနိုင်ဖို့ ကျွန်ုပ်တို့ "SHiNE , Physiotherapy" နှင့် ချိတ်ဆက်လိုက်ပါ။
🤝
ကျွန်ုပ်တို့ ဘယ်လိုတွေ စနစ်တကျဖြင့် လုပ်ဆောင်နေလဲဆိုတာ အောက်မှာ ၁ပုံချင်းစီ လေ့လာကြည့်နိုင်ပါတယ်။
မိတ်ဆွေများနှင့် မိသားစုအားလုံး ကျန်းမာကြပါစေ။
🙏🙏🙏

O U R S E R V I C E S
SHiNE အိမ်တိုင်ရာရောက် ပြန်လည်သန်စွမ်းရေးကုသမှု Facebook Page တွင် ဝန်ဆောင်မှုများကြည့်ရန်
#ဘယ်အရာက_အတားအဆီးဖြစ်နေသလဲ?
ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း တစ်ခုမှာ ပြသနာ တစ်ခုခုရှိခြင်းက ချို့ယွင်းမှုတစ်ခုကို ဖြစ်စေတယ်။(Impairment ≈ ချို့ယွင်းမှု)
အဲ့ဒီ ချို့ယွင်းမှု တစ်ခုကြောင့် တစ်ဦးတစ်ယောက်ချင်းစီ၏ အာရုံခံစားမှုများနှင့် လှုပ်ရှားမှုများကို ကန့်သတ်သည့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုတစ်ခုကို ဖြစ်စေတယ်။ (Disability ≈ မသန်စွမ်းမှု)
ပတ်ဝန်းကျင်က အချို့အရာတွေမှာ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ဘဝကို လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ဖြစ်အောင် သက်ရောက်မှုရှိတယ်။ (Handicap ≈ ပတ်ဝန်းကျင် အဟန့်အတား)
#ဘာကိုပြောင်းလဲလို့ရမလဲ?
ချို့ယွင်းမှု ⇔ မသန်စွမ်းမှု ⇔ အဟန့်အတား
၃ခုစလုံးကို အတိုင်းအတာတစ်ခုထိ ကျွန်ုပ်တို့ ပြုပြင်နိုင်ကြပါသည်။ တစ်ခုနှင့်တစ်ခုသည်လည်း အပြန်အလှန်သက်ရောက်မှုရှိကြသည်။ ဥပမာ။ ။ လက်ချောင်းလေးများ အပြည့်မဆုပ်နိုင်သော(ချို့ယွင်းမှု)ကြောင့် ဇွန်းခက်ရင်း(အဟန့်အတား)ကို အသုံးပြု၍ ထမင်းမစားနိုင်ခြင်း (မသန်စွမ်းမှု) အခြေအနေတွင် လက်ချောင်းလေးများ ပိုမိုသန်စွမ်းလာအောင် ပြန်လည်သန်စွမ်းရေးကုသမှု(Physiotherapy) ခံယူခြင်း၊ ဇွန်းခက်ရင်းလက်ကိုင်နေရာများကို လက်ချောင်းလေးများ ဆုပ်ကိုင်နိုင်သည့် အနေအထားအထိ ကြီးမားအောင် (Adapted Utensils) ပြုပြင်ပေးခြင်းတို့ ပြောင်းလဲပေးခြင်းဖြင့် မသန်စွမ်းမှု(Disability) အခြေအနေကို ကျော်လွန်နိုင်မည် ဖြစ်သည်။

မေးလေ့ရှိသော မေးခွန်းများ
မေးခွန်း_၁
“Shine အိမ်တိုင်ရာရောက် ပြန်လည်သန်စွမ်းရေး ကုသမှု” သည် မည်သို့သော ဝန်ဆောင်မှုအဖွဲ့အစည်း ဖြစ်သနည်း?
ကျွန်ုပ်တို့သည် Physiotherapy ဟုခေါ်သည့် ကုသမှုများကို ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသရန် အခက်အခဲရှိနေသည့် လူနာများအတွက် ရည်ရွယ်၍ လူနာအိမ်ကိုအခြေပြု၍ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။

မေးခွန်း_၂
“Shine အိမ်တိုင်ရာရောက် ပြန်လည်သန်စွမ်းရေး ကုသမှု” သည် လူနာများကို မည်ကဲ့သို့ကုသပေး သနည်း?
ကျွန်ုပ်တို့သည် Physiotherapy ကုသမှုဖြစ်သည့်အားလျော်စွာ ကုသမှုအမျိုးအစား (၃)မျိုးဖြင့် ကုသပေးပါသည်။
၁။ ကုသမှုပိုင်းဆိုင်ရာ စက်ပစ္စည်းများ (Therapeutic Modalities)
၂။ ကုသမှုပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ (Therapeutic Exercises)
၃။ ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ (Health Supported Products)

မေးခွန်း_၃
ကုသမှုပိုင်းဆိုင်ရာ စက်ပစ္စည်းများ(Therapeutic Modalities) ဖြင့် မည်သို့ကုသပေး သနည်း?
ကျွန်ုပ်တို့အသုံးပြုသော ကုသမှုပိုင်းဆိုင်ရာ စက်ပစ္စည်းများ(Therapeutic Modalities) မှာ-
၁။ EMS – Electrical Muscular Stimulator (ကြွက်သားများလှုပ်ရှားမှုကို ဦးနှောက်နှင့် အချိတ်အဆက်မိ၍ ပိုမိုကောင်းမွန်စွာ လှုပ်ရှားနိုင်စေရန် လျှပ်စစ်ဖြင့် ကုသမှုပေးသည့်စက် ဖြစ်သည်။)
၂။ TENS – Transcutaneous Electrical Nerve Stimulator (ထုံကျင်ခြင်း၊ နာကျင်ခြင်း စသည့် အာရုံကြောတုံ့ပြန်မှုများကို သက်သာပျောက်ကင်းစေရန် လျှပ်စစ်ဖြင့် ကုသမှုပေးသည့်စက်ဖြစ်သည်။)
၃။ US – Therapeutic Ultrasound (အတွင်းပိုင်း ကြွက်သား ဒါဏ်ရာများနှင့် အရွတ်ဒါဏ်ရာများ အတွက် အနာကျက်မြန်စေရန် နှင့် နာကျင်မှု သက်သာပျောက်ကင်းစေရန်၊ အဆစ်အတွင်း အရွတ်များတောင့်ခဲခြင်းကြောင့် အဆစ်ခိုင်ခြင်းများကို လျော့ချရန် အသံလွန်လှိုင်းဖြင့် ကုသမှုပေးသည့်စက် ဖြစ်သည်။) (၎င်းစက်သည် ခန္ဓာကိုယ်အတွင်းပိုင်း 3 cm မှ 5 cm အထိ ကုသမှု အကျိုးကျေးဇူး ရရှိနိုင်သည်။)
၄။ Heat Belt - Thermotherapy (အပေါ်ယံကြွက်သား ဒါဏ်ရာများ, ကြွက်သားတောင့်ခဲခြင်းများကြောင့် လှုပ်ရှားမှု အဟန့်အတားဖြစ်နေခြင်းများကို သက်သာပျောက်ကင်းစေရန် သတ်မှတ်ထားသော ကိုယ်ခန္ဓာအစိတ်အပိုင်းကို အပူချိန် 1°C မှ 4°C အထိမြှင့်တင်ပေး၍ ကုသမှုပေးသည့် စက်ဖြစ်သည်။)
၅။ Cool Pack - Cryotherapy (ရုတ်တရတ် ကြွက်သား ဒါဏ်ရာများ၊ ရုတ်တရတ် အရွတ်ဒါဏ်ရာများ၊ ရုတ်တရတ် ရောင်ရမ်းခြင်းများနှင့် ရုတ်တရတ်မဟုတ်သော အချိန်အတိုင်းအတာ တစ်ခုအထိ ရောင်ရမ်းနေသည့် ဒါဏ်ရာများ၊ နာကျင်မှုများကို သက်သာပျောက်ကင်းစေရန် သတ်မှတ်ထားသော အစိတ်အပိုင်းများအတွင်း သွေးကြောများနှင့် ပြန်ရည်ကြောစနစ်များကို (ပထမအဆင့်) ကျုံညှစ်စေ၍ (ဒုတိယအဆင့်) ကျယ်ပြန့်စေ၍ ကိုယ်ခန္ဓာအတွင်း အဆင့်ဆင့်ဇီဝဖြစ်ပျက်မှုကို ပိုမိုကောင်းမွန်မြန်ဆန်စေသည့် ကုသမှုဖြစ်သည်။)

မေးခွန်း_၄
ကုသမှုပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ (Therapeutic Exercises) ဖြင့်မည်သို့ ကုသပေး သနည်း?
ကုသမှုဆိုင်ရာလေ့ကျင့်ခန်းဆိုသည်မှာ ချို့ယွင်း/ပျက်ဆီးမှုများကို ကာကွယ်ရန် သို့မဟုတ် ပြန်လည်ကုစားရန်၊ လက်တွေ့အသုံးဝင်မှုများကို တိုးတက်စေရန်၊ ကြံ့ခိုင်မှုကို တိုးတက်စေရန်နှင့် သုခချမ်းသာရရှိစေရန် ပုံစံဆွဲထားသော လုပ်ဆောင်ချက်များ သို့မဟုတ် စီစဉ်ထားသော ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ ကိုယ်ဟန်အနေအထားများကို စနစ်တကျ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
အထက်ပါရည်ရွယ်ချက်များ/ ပန်းတိုင်များ ရရှိရန် အောက်ပါအတိုင်း ကျွန်ုပ်တို့သည် စနစ်တကျ လေ့ကျင့်မှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။
- ပထမဆုံး လူနာ၏ အခြေခံကျန်းမာရေး အခြေအနေများ၊ လက်ရှိလုပ်ဆောင်နိုင်စွမ်းများ၊ လူနာနှင့်မိသားစုများ၏ ပန်းတိုင်များကို မှတ်တမ်းပြုစုပါသည်။
- အထက်ပါ အခြေအနေများ၊ လုပ်ဆောင်နိုင်စွမ်းများနှင့် ပန်းတိုင်များအပေါ် အခြေခံ၍ လေ့ကျင့်ခန်းများကို စနစ်တကျရေးဆွဲပါသည်။
- စနစ်တကျရေးဆွဲထားသော လေ့ကျင့်ခန်းအစီအစဉ်များအတိုင်း ခန္ဓာသန်စွမ်းမှုနည်းပညာရှင် (Physiotherapist) များမှ စနစ်တကျအမှတ်ပေးစနစ်ဖြင့် လူနာများကို လှုံ့ဆော်မှုပေး၍ အတူတကွ ပြုလုပ်ပေးပါသည်။
- လေ့ကျင့်မှုများ မပြုလုပ်မှီ/ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက်များတွင် လူနာ၏အရေးကြီးသော အချက်များ (Vital Signs) ကို လိုအပ်သလိုတိုင်းတာစောင့်ကြည့်၍ စနစ်တကျလေ့ကျင့်မှုများ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
- နေ့စဉ်လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ရမှတ်များ၏ ရာခိုင်နှုန်းအရ (1 Star မှ 5 Star အထိ) Star များပေး၍ လူနာ၏စိတ်ကို လှုံဆော်မှုပေးပါသည်။
- လေ့ကျင့်မှုပြုလုပ်စဉ်ရမှတ်များကို နေ့စဉ်အမှတ်ပေးဇယားဖြင့် မှတ်တမ်းတင်ထား၍ တိုးတက်မှုများကို နှိုင်းယှဉ်ဖော်ပြပေးမည်ဖြစ်သည်။
- လေ့ကျင့်မှုများ ‘၁ လ’ ပြည့်လျှင် တစ်လအတွင်းတိုးတက်မှုမှတ်တမ်းကို ထုတ်ပြန်ပေးမည်ဖြစ်သည်။

မေးခွန်း_၅
ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ (Health Supported Products) ဖြင့် မည်သို့ကုသပေးသနည်း?
လူနာ၏ အခြေခံကျန်းမာရေး အခြေအနေ၊ လုပ်ဆောင်နိုင်မှုများအပေါ် မူတည်၍ အသုံးပြုရန်လိုအပ်သော ကျန်းမာရေး အထောက်အပံ့ပစ္စည်းများစွာရှိပါသည်။
ကျွန်ုပ်တို့ အများအားဖြင့် အသုံးပြုသော ပစ္စည်းများမှာ-
Theraband
Therababnd သည်ကြွက်သားများပိုမိုသန်မာလာစေရန် weight တုံးများ ကဲ့သို့ resistance အားရှိသည့် အားကစားသုံး ပစ္စည်းတစ်မျိုးဖြစ်သည်။ အားသာချက်မှာ weight တုံးများလို မပြုတ်ကျနိုင် မထိခိုက်နိုင်၍ လူနာများအတွက် လုံခြုံစိတ်ချမှုရှိခြင်းဖြစ်သည်။
Therapeutic Ball
Therapeutic ball များသည် အမျိုးအစား အရွယ်အစား များစွာရှိပါသည်။ ကျွန်ုပ်တို့ကတော့ ခန္ဓာကိုယ်ဟန်ချက်(Posture Balancing) အတွက်နှင့် လက်ချောင်းလေးများ သန်မာစေရန်အတွက် လေ့ကျင့်မှုများပြုလုပ်ချိန်မှာ အသုံးပြုပါသည်။
Exercise Bicycle
Exercise Bicycle သည် စက်ဘီးနင်းရသကဲ့သို့ ပုံစံတူလုပ်ဆောင်မှုဖြင့် အကျိုးသက်ရောက်စေသည်။ စက်ဘီးနင်းခြင်းဖြင့် အောက်ပိုင်းနှင့်ခြေထောက်ကြွက်သားများ၊ လှုပ်ရှားမှုများကို ဟန်ချက်ညီစေမည်ဖြစ်သည်၊ ထို့အပြင် ခြေထောက်အဆစ်များ ခန္ဓာကိုယ်အလေးချိန်ကိုမထမ်းရပဲ လွတ်လပ်စွာလှုပ်ရှားရသည့်အတွက် အဆစ်တွင်းချောဆီ(Synovial Fluid) များကို လုံလောက်စွာ ဖြစ်ပေါ်စေသည်။
Exercise Bicycle သည် ပုံစံချုံ့ထားသည့်အတွက် အနေအထားအမျိုးမျိုးတွင် သုံးနိုင်သည့်အပြင် လက်အတွက်ပင်အသုံးပြုနိုင်သည်ဖြစ်သည်။
Transfer Belt
Transfer Belt သည် လူနာကိုယ်တိုင် မရွှေ့ပြောင်းနိုင်သောအနေအထားမျိုးတွင် စောင့်ရှောက်သူများမှ ဝိုင်းပြီး ထိန်း၍ ပြောင်းရွှေ့ပေးနိုင်သော သို့မဟုတ် ကူညီရွှေ့ပြောင်းပေးနိုင်သော အထိန်းပစ္စည်းဖြစ်ပါသည်။ အိပ်ယာမှ ထိုင်ခုံ၊ ထိုင်ခုံမှ မတ်တပ်ရပ်ခြင်း စသည့်လှုပ်ရှားမှုများတွင် များစွာအထောက်အကူပြုပါသည်။
Incentive Spirometer
Incentive Spirometer သည်အသက်ရှုခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို လေ့ကျင့်ရန်အတွက် များစွာအထောက်အကူပြုပေသည်။ ပုံမှန်အသက်ရှုခြင်းသည် လေပမာဏ ၅၀၀ cc လောက်သာ ရှုသွင်းရှုထုတ်လုပ်နေခြင်းဖြစ်သည်၊ အဆုပ်တွင်းတွင် ၂၅၀၀ cc လောက် ကျန်နေမြဲဖြစ်ပြီး ထပ်ရှုသွင်းနိုင်သော လေပမာဏသည်လည်း အဆုပ်တွင်းတွင်၂၅၀၀ cc လောက် နေရာလွတ်ရှိနေသေးသည်။ ထိုကဲ့သို့ အဆုပ်တွင်းပိုမို လုပ်ဆောင်နိုင်မှုများကို တိုးတက်ကောင်းမွန်စေရန် လေပမာဏဘယ်လောက် ရှုသွင်းနိုင်သည် ရှုထုတ်နိုင်သည်ကို မြင်တွေ့တိုင်းတာရင်း လေ့ကျင့်နိုင်မ ည့် အထောက်အကူပြု ပစ္စည်းဖြစ်ပါသည်။
Hand Exercise Equipment
Hand Exercise Equipment များသည် လက်ဖြင့်လေ့ကျင့်ရမည့် အသေးစိတ် သို့မဟုတ် အကြီးစား ကစားစရာ၊ အာရုံစိုက်စရာ ပစ္စည်းများဖြစ်သော်လည်း ထိုပစ္စည်းများ၏ အကျိုးကျေးဇူးသက်ရောက်မှုသည် လက်ကိုသာမက ဦးနှောက်ကိုပါ ပိုမိုတိုးတက် ဖွံ့ဖြိုးစေခြင်းဖြစ်သည်။
Gaming tools for Brain
ဤအရာများသည် အာရုံစိုက်ကစားရမည့် အထောက်အကူပြုပစ္စည်းများဖြစ်သည်။ လူနာ၏ မှတ်ဉာဏ်၊ စဉ်းစားနိုင်စွမ်း၊ သိမြင်နိုင်မှုများကို တိုးတက်စေ၍ ပိုမိုကောင်းမွန်သော နေထိုင်မှုကို ဖြစ်စေမည်ဖြစ်သည်။
Pulse Oximeter
Pulse Oximeter သည် သွေးတွင်း Oxygen ပမာဏ၊ နှလုံးခုန်နှုန်းနှင့် နှလုံးခုန်မှုပုံစံများကို ဖော်ပြပေးပြီး ပုံမှန်သတ်မှတ်ချက်အတွင်းမှ အတက်အကျရှိပါက အသံဖြင့်ပါသတိပေးချက်မည်၍ သတိပေး၍ လူနာအတွက် လေ့ကျင့်ခန်း မလုပ်မှီ၊ လုပ်နေစဉ်နှင့်၊ လုပ်ပြီးနောက်များ အတွက် မရှိမဖြစ်အသုံးဝင်လှသည့် အထောက်အကူပြု ပစ္စည်းဖြစ်ပေသည်။
Smart Watch (for health)
Pulse Oximeter ကဲ့သို့သော လုပ်ဆောင်ချက်များပါဝင်သည့် Smart Watch သည် ရွှေ့လျားမှုများပါဝင်သည့် လေ့ကျင့်မှုများပြုလုပ်စဉ်တွင် အသုံးပြုရလွယ်ကူ၍ အဆင်ပြေစွာဖြင့် Pulse Oximeter ကဲ့သို့ အသုံးဝင်လှပေသည်။
Sphygmomanometer
Sphygmomanometer သည် လူနာ၏ သွေးပေါင်ချိန်ကို လေ့ကျင့်မှုများ မပြုလုပ်မှီ၊ ပြုလုပ်စဉ်နှင့် ပြုလုပ်ပြီးနောက်တွင် ချိန်စမှတ်သားနိုင်ရန် အသုံးပြုပါသည်။
အစရှိသည့် ပစ္စည်းများကိုလိုအပ်သလို အသုံးပြု၍ လေ့ကျင့်ကုသမှုများပြုလုပ်ပေးပါသည်။